(၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ နှင့် ၆၄ နှစ်ပြည့် ကရင်အမျိုးသားအစည်းအရုံးနေ့ အထိမ်းအမှတ်အခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်။
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် (၆၄)နှစ်ပြည့် ကရင်အမျိုးသား အစည်း အရုံး နေ့  အထိမ်းအမှတ် အခမ်းအနားကို Takadanobaba ရှိ Recycle 4F မှာ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီအထိ KNU-Japan အဖွဲ့ သူ အဖွဲ့ သား နှင့် အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ များမှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကေအဲန်ယူ(ဗဟို)မှ ပေးပို့လာသည့် သ၀ဏ်လွှာ ကို ကရင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာဖြစ် ဖတ်ကြားပြီးသည်နောက် ကရင်အမျိးသား တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်း တင်ပြသွားပါသည်။ ကေအဲန်ယူ နယ်မြေသို့ သွားရောက်ခဲ့သော ကေအဲန်ယူ(ဂျပန်) တာဝန်ခံ စောမျိုးခိုင်ရှင်းမှ အတွေ့အကြုံနှင့် တော်လှန်ရေးဒေသမှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ဗီဒီယို မှတ်တမ်းဖြင့် ရှင်းလင်း တင်ပြသွားပါသည်။ ထို့ နောက် အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများမှ ကရင်အမျိုးသား တော်လှန်ရေး ဂုဏ်ပြု အထိမ်းအမှတ် အမှာစကား ပြောကြား ပြီးသည့်နောက် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ညနေ ၉း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ှ
သတင်းမှတ်တမ်းဓါတ်ပုံ ။ ။ မိုးမင်းသူ KNU(Japan)

No comments:
Post a Comment