Wednesday, 2 February 2011

သံဃာ့အရေးအခင်းမှ သံဃာတပါး ပုသိမ်ထောင်မှာ နှိပ်စက်ခံနေရ

2011-02-01
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှုကြောင့် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ၈ နှစ်ခွဲ ချမှတ်ခံထားရတဲ့ တောင်ဥက္ကလာ ငွေကြာယံကျောင်းတိုက်က သံဃာတော် အရှင်နန္ဒဟာ ရာဇဝတ်သားတွေနဲ့အတူ နေထိုင်ရပြီး ထောင်အာဏာပိုင်တွေရဲ့ အနိုင်ကျင့်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
(Photo: AFP)
ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ငွေကြာယံ ကျောင်းတိုက်ကို ၂၀၀၇စက်တင်ဘာ ၂၇ရက် အရုဏ်မတက်မီ လုံခြုံရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ကာ သံဃာ အပါး ၁၀ဝခန့်ကို ဖမ်းဆီးသွားပြီးနောက် ပျက်စီးနေသော ဘုန်းကြီးကျောင်းကို တွေ့မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)
“ထောင်ဝါဒါတွေကနေပြီးတော့ သူ့ကို ဆက်ဆံတဲ့အခါမှာ မအေနှမ စတာတွေနဲ့ တိုင်းထွာပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာပေါ့ဗျာ။ နောက်ပြီးတော့ ဆံပင်ကိုလည်း ခေါင်းတုံး တုံးစရာမလိုဘူး၊ မင်းတို့ကောင်တွေ ဆံပင်အရှည်ပဲထားဆိုပြီး ထားတဲ့အတွက် ခုထက်ထိ ခေါင်းတုံးမတုံးရပဲနဲ့ သူ့မှာ ဆံပင်အရှည်ကြီးနဲ့ ဖြစ်နေတာပေါ့နော်။”
အရှင်နန္ဒဟာ မျက်စိဝေဒနာ ခံစားနေရပေမဲ့ အာဏာပိုင်တွေက ဆေးဝါးကုသခွင့် မပေးဘူးလို့ သိရပါတယ်။ အရှင် နန္ဒဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က ငွေကြာယံ ကျောင်းတိုက်မှာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

No comments:

Post a Comment